Ogre: Password Store

Password Store






     Gtalk တွေအများကြီးသုံးတဲ့သူတွေနဲ့ Password ကို အက္ခရာ အများကြီးပေးထားပြီး ခဏခဏရိုက်ပျင်းတဲ့ သူတွေအတွက်ပါ ... :-P
( Laptop Keyboard ဆိုရင် ရိုက်ရတာ ပိုဆိုးပါတယ် ။ Key တွေက တောင်တစ်လုံး မြောက်တစ်လုံးနဲ့ :-D)
ဒီ Program က မိမိ password ကို အတိုကောက်စာလုံးနဲ့ တွဲမှတ်သားထားပေးပါတယ် ..
အဲ့ဒီ password ကို လိုချင်တဲ့အချိန်မှာ ဒီ program ကို Run ကနေ ရိုက်ခေါ်ပြီး မှတ်ထားတဲ့ အတိုကောက်စာလုံးကို ရိုက်ထည့်ပေးလိုက်တာနဲ့ အဲ့ဒီ password ကို အော်တို ကော်ပီ ကူးပေးသွားပါလိမ့်မယ် ..
ပြီးရင် paste ပေးလိုက်ရုံပါပဲဗျာ ..

သေချာတာတော့ ဒီ Program ကို ဘယ်သူမှသုံးရဲမှာမဟုတ်ပါဘူး ..
(မိမိ Password ရိုက်ထည့်ရမှာဆိုတော့
)
နောက်တစ်ခု သေချာတာက ရိုက်ထည့်လိုက်တဲ့ Password တွေ ကျွန်တော့်ဆီရောက်လာအောင် မလုပ်တတ်ပါဘူး ..
တကယ်လို့ အဲ့ဒီ Password တွေ ကျွန်တော့်ဆီရောက်လာမယ်ဆိုရင်တောင် အတိုကောက်စာလုံးနဲ့ Password တွေသာရောက်လာမှာဖြစ်တဲ့အတွက် အဲ့ဒီ Password ကို ဘယ်နေရာမှာသုံးရမယ်ဆိုတာ သိမှာမဟုတ်ပါဘူး ..
သုံးချင်တဲ့သူတွေ သံသယကင်းကင်းအသုံးပြုနိုင်ပါတယ်ဗျာ
( ပြောမယ့်သာပြောတာ သုံးချင်တဲ့သူ တစ်ယောက်မှ ရှိမယ်မထင်ဘူး
)

အသုံးပြုနည်း ပေါက်ကရကို ရှင်းပြပေးထားပါတယ် :-P
Download link တွေအောက်က အသုံးပြုနည်း အကြမ်းဖျဉ်း ဆိုတာလေးကို နှိပ်ပြီးဖတ်နိုင်ပါတယ်ဗျာ ..





Size : 270.8 KB MB
Download From "www.sites.google.com"
Download From "www.mediafire.com"
Download From "www.megaupload.com"
Download From "www.filesonic.com"
Download From "www.hotfile.com"
Download From "www.fileserve.com"
Download From "www.wupload.com"
Download From "www.rapidshare.com"
Download From "www.ifile.it"
Download From "www.zshare.net"






အသုံးပြုနည်း အကြမ်းဖျဉ်း




(၁) ပထမဦးဆုံး ဒီ program ကို အချိန်တိုအတွင်း Run မှရိုက်ခေါ်လို့ရအောင် လုပ်ထားပေးလိုက်ပါ ..
လုပ်နည်းကို ဒီနေရာလေးမှာ ရှင်းပြပေးထားပါတယ် ..


(၂) ပြီးရင် ဒီ program ကို ဖွင့်ပီး မိမိရိုက်ခေါ်ချင်တဲ့ အတိုကောက်စာလုံးနဲ့ password ကို Edit မှာသွားထည့်ပေးလိုက်ပါ ..
ဥပမာ - a လို့ရိုက်လိုက်တာနဲ့ 12345abcd ဆိုတဲ့ Password ကို အော်တို ကော်ပီကူးသွားစေချင်တယ်ဆိုပါစို့ ..
အောက်ကပုံမှာပြထားတဲ့အတိုင်း Text နေရာမှာ a လို့ရိုက်ပြီး Password နေရာမှာ 12345abcd ဆိုပြီးရိုက်ထည့်ပေးလိုက်ပါ ..






ပြီးရင် Update ကိုနှိပ်လိုက်ပါ .. ဒါဆိုရင် ရပါပြီ ..

( program တစ်ခုကို Password ၁၀ ခု မှတ်ထားလို့ရပါတယ် .. ၁၀ ခုမကမှတ်ချင်ရင်တော့ ဒီ program ကို ကော်ပီပွားပီး အသုံးပြုလို့ရပါတယ် .. အတိုကောက်စာလုံးတွေကတော့ တစ်ခုနဲ့တစ်ခုတူလို့မရပါဘူး
အတိုကောက်စာလုံးကို စကားလုံးတစ်လုံးမကရေးမှတ်ချင်ရင်လည်းရပါတယ် ..
ဥပမာ - a မဟုတ်ပဲ am ဆိုလည်းရပါတယ် .. ဒါပေမယ့် အစစာလုံးဟာ အတိုကောက် တစ်လုံးတည်းပေးထားတဲ့ စာလုံးနဲ့ တူလို့မရပါဘူး )



(၃) မှတ်ထားတဲ့ အဲ့ဒီ Password ကို လိုချင်တဲ့အချိန်ရောက်တာနဲ့ Run ကနေ အဲ့ဒီ Program ရိုက်ခေါ်ပြီး ပေါ်လာတဲ့ Text Box မှာ a လို့ရိုက်လိုက်ပါ ..







အတိုကောက်စာလုံး ရိုက်လိုက်တာနဲ့ Program က ပိတ်သွားပြီး မှတ်ထားတဲ့ 12345abcd ဆိုတဲ့ Password ကို ကော်ပီးကူးပြီးသားဖြစ်သွားပါလိမ့်မယ်
သက်ဆိုင်ရာ Password Box မှာ paste ( Ctrl + V ) ပေးလိုက်ရုံပါပဲဗျာ ..

( ကော်ပီကူးသွားတဲ့ password က ၅ စက္ကန့်ပဲ ကော်ပီကူးသွားမှာဖြစ်ပါတယ် ၊ ၅ စက္ကန့်အတွင်း Paste ပေးဖို့တော့လိုပါတယ် .. ၅ စက္ကန့်ပြီးတာနဲ့ ကော်ပီကူးထားတာကို အော်တို delete သွားပါလိမ့်မယ် .. user name ကိုအရင်ရိုက်ထားရင် အချိန်မှီပါတယ်ဗျာ )



(၄) မိမိမှတ်ထားတဲ့ အတိုကောက်စာလုံးနဲ့ Password တွေကို ဖျက်တာတို့ ၊ ပြန်ပြင်တာတို့လုပ်ချင်ရင် ထုံးစုံအတိုင်း Edit ကိုသွားပါ ..
ပြီးရင် ပြင်ချင်တဲ့ဘေးက ဆိုတဲ့ Button ကို နှိပ်ပြီးပြုပြင်နိုင်ပါတယ် ..






Note : ဒီ Program ကို ကော်ပီးကူးမယ်ဆိုရင် Program ကိုသာ ကော်ပီကူးလို့ရမှာဖြစ်ပါတယ် .. မှတ်ထားတဲ့ အတိုကောက်စာလုံးနဲ့ Password တွေ ပါမသွားပါဘူး ..
File Name ပြောင်းလိုက်ရင်လည်း မှတ်ထားတဲ့ data တွေအားလုံးပျောက်သွားမှာဖြစ်ပါတယ် ..


ဒီ Application ကို ဖွင့်လို့မရဘူးဆိုရင်တော့ Window ထဲမှာ Dot Net Framework မရှိလို့ပါ .. ဒီနေရာမှာ တင်ထားပေးပါတယ်ဗျာ :-)

အဆင်ပြေပါစေဗျာ ..



0 comments:

Post a Comment

Designed by : Ogre