Ogre: AutoPlay Menu Builder v5.6.1406 ( + Patch , Keygen )

AutoPlay Menu Builder v5.6.1406 ( + Patch , Keygen )





     Programming Language ကို လေ့လာစရာမလိုပဲ ကိုယ်ပိုင် Application လေးတွေဖန်တီးတဲ့ Software လေးပါ ..
ဒါပေမယ့် ဒီ Software မှာ ပေးထားတဲ့ Function တွေကိုပဲ ထည့်သွင်းအသုံးပြုလို့ရပါလိမ့်မယ် .. :D
ဒီ Software လေးနဲ့ E Book ပုံစံ Tutorial exe file , Slide Show (exe) File တွေဖန်တီးလို့ရတဲ့အပြင် ချစ်သူအတွက်လက်ဆောင်ပေးလို့ရတဲ့ Application လေးတွေလည်း ဖန်တီးနိုင်ပါတယ် .. :P
နောက်ပြီး သူတစ်ပါးကို စနောက်ချင်တဲ့သူတွေအတွက်လည်း စနောက်လို့ရတဲ့ Application တွေဖန်တီးလို့ရပါသေးတယ် ..
ဒီ Software ကို မဒေါင်းခင် အောက်မှာ ကျွန်တော် ကလိထားတဲ့ Application နှစ်ခုကို ဒေါင်းပြီး စမ်းသုံးကြည့်လိုက်ပါ .. ဘယ်လို Application တွေ ဖန်တီးလို့ရတယ်ဆိုတာ သဘောပေါက်သွားပါလိမ့်မယ်ဗျာ


(၁) Testing 1.exe
(၂) Testing 2.exe


Testing 1.exe ကတော့ အချင်းချင်း စနောက်ဖို့ပါ ...
Testing 2.exe ကတော့ ချစ်သူတွေအတွက် လက်ဆောင်ပေးဖို့ပါ ..

စပြီးစမ်းသပ်မယ့်သူတွေအတွက် အဆင်ပြေအောင် အသုံးပြုနည်း နည်းနည်း ရှင်းပြပေးလိုက်ပါ့မယ်
အောက်ဆုံးက အသုံးပြုနည်း အကြမ်းဖျဉ်း ဆိုတာလေးကို နှိပ်ပြီးဖတ်နိုင်ပါတယ်ဗျာ ..
အကောင်းဆုံးကတော့ အသုံးပြုနည်းအကြမ်းဖျဉ်း ကိုမဖတ်ပဲ Software ကို ဒေါင်းပြီး ကိုယ်တိုင် ကလိလိုက်တာက ပိုပြီး ထိရောက်မယ်လို့ထင်ပါတယ် .. ရှင်းလေ ရှုပ်လေဖြစ်နေလို့ ပါ






Size : 2.95 MB
Download From "www.sites.google.com"
Download From "www.mediafire.com"
Download From "www.megaupload.com"
Download From "www.filesonic.com"
Download From "www.hotfile.com"
Download From "www.fileserve.com"
Download From "www.wupload.com"
Download From "www.rapidshare.com"
Download From "www.ifile.it"
Download From "www.zshare.net"











အသုံးပြုနည်း အကြမ်းဖျဉ်း


User Name နဲ့ Serial Number ထည့်နည်းကိုတော့အသေးစိတ်ရှင်းပြပေးလိုက်ပါ့မယ် .. :)
ပထမဆုံး Software ကို install လုပ်ပြီးသွားတာနဲ့ keygen Folder ထဲက keygen.exe ကိုဖွင့်လိုက်ပါ ..
ပြီးရင် Patch ကိုနှိပ်ပြီး C:\Program Files\AutoPlay Menu Builder ထဲက APMBuilder.exe ကို Select ပေးပြီး Open ကိုနှိပ်လိုက်ပါ ..
အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ...








Open ကိုနှိပ်ပြီးသွားလို့ keygen.exe မှာ အောက်ပါပုံအတိုင်း File successfully patched ဆိုတာလေးပေါ်လာရင် Patch ပေးတဲ့အဆင့်အောင်မြင်ပါပြီ .. :-P







ပြီးရင် Program မှာ User Name နဲ့ Serial Number ကိုထည့်ဖို့အတွက် AutoPlay Menu Builder Program ကို ဖွင့်လိုက်ပါ ..
စစချင်းမှာ ပေါ်လာတဲ့ New Project ဆိုတဲ့ Box ကို Cancel ပေးလိုက်ပါ ..






ပြီးရင် keygen.exe ကိုဖွင့်ပြီး User Name: မှာ မိမိကြိုက်ရာ အမည်ပေးပြီး Generate ကို နှိပ်လိုက်ပါ ..
Serial Number: မှာ Serial key တွေပေါ်လာပါလိမ့်မယ် ( အောက်မှာ ပုံလေးနဲ့ ထပ်ပြထားပေးပါတယ်ဗျာ )






ပြီးရင် ဖွင့်ထားတဲ့ AutoPlay Menu Builder Program ထဲက Help --> Register.. ကိုနှိပ်လိုက်ပါ ..





ပေါ်လာတဲ့ Register Box မှာ keygen.exe တွင်မိမိသတ်မှတ်ပေးထားတဲ့ User Name နဲ့ Generate လုပ်လို့ရလာတဲ့ Serial Number ကို copy ကူးထည့်ပေးပြီး OK ပေးလိုက်ပါ ..







အောက်ပါပုံအတိုင်း alert Message Box လေးပေါ်လာရင် User Name နဲ့ Serial Number ထည့်တာ အိုကေသွားပါပြီ ...






ဒါဆိုရင် မိမိ ဖန်တီးထားတဲ့ Application မှာ ဘာကြော်ငြာမှ မပါပဲ Full Version အဖြစ်အသုံးပြုလို့ရပါပြီ ..



အပေါ်က Serial Number ထည့်တဲ့ အလုပ်ပြီးသွားရင် File --> New ကိုသွားပါ ..
ပေါ်လာတဲ့ Box ရဲ့ Project File: မှာ မိမိ Save ထားချင်တဲ့ Target နဲ့ Save ချင်တဲ့ File Name ပေးပြီး Save လိုက်ပါ .. ( အောက်ကပုံမှာ မြှားထိုးထားတဲ့ နေရာလေးကို နှိပ်ပြီး Save ထားချင်တဲ့ Target နဲ့ Save ချင်တဲ့ File Name ပေးရမှာပါ )




ပြီးရင် Templates: ထဲမှာပေးထားတဲ့ မိမိကြိုက်နှစ်သက်ရာ တစ်ခုကို Select ပေးပြီး Ok ပေးလိုက်ပါ ..
မိမိစိတ်ကြိုက် အသစ်ဖန်တီးချင်တယ်ဆိုရင် Blank Menu ဆိုတာကို Select ပေးပြီး Ok ပေးလိုက်ပါ ...
ဒါဆိုရင် ကိုယ်ပိုင် Application ကို စပြီး ဖန်တီးလို့ရပါပြီး ..
Program ရဲ့ ဘယ်ဘက်မှာ Text Box , Image Box , Label Box .... ... စတဲ့ icon လေးတွေရှိပါတယ် .. မိမိ Application Form ထဲကို ထည့်ချင်တဲ့ icon ကို Select ပေးပြီး Application Form ပေါ်မှာ Click လိုက်တာနဲ့ အဲ့ဒီ icon ကရောက်လာမှာဖြစ်ပါတယ် ..
ဥပမာ Application Form ပေါ်မှာ Image ထည့်ချင်တယ်ဆိုပါစို့ ... :)
ဘယ်ဘက်မှာ Image Icon လေးရှိပါတယ် .. အဲ့ဒီ Image Icon ကို Select ပေးပြီး မိမိ Application Form ပေါ်မှာ click လိုက်ပါ .. အောက်ပါပုံအတိုင်း Application Form ပေါ်မှာ image ထည့်လို့ရတဲ့ လေးထောင့် ကွက်လေးပေါ်လာပါလိမ့်မယ် ..





အဲ့ဒီ လေးထောင့် ကွက်ကို Double click ပြီး Load မှတစဆင့် မိမိ ထည့်ချင်တဲ့ image ကိုရွေးချယ်ပြီး ok ပေးလိုက်တာနဲ့ အဲ့ဒီ Image ဟာ Application Form ပေါ်ကို ရောက်လာပါလိမ့်မယ် ..






အဲ့ဒီ Image ကို Select ပေးပြီး ညာဘက်က Properties မှာ အဲ့ဒီ Image ကို လိုချင်သလို ပြုပြင်နိုင်ပါတယ် ...






အဲ့ဒီ Image ကို Select ပေးပြီး ညာဘက်က Actions မှာတော့ အဲ့ဒီ ပုံကို နှိပ်လိုက်ရင် minimize , Exit , Run Program , Open Website စတဲ့ ကိုယ်ဖြစ်ချင်တာတွေကို စိတ်ကြိုက် သတ်မှတ်နိုင်ပါတယ် ။
Image ကို cursor ထောက်လိုက်ရင် ( သို့ ) နှိပ်လိုက်ရင် ထွက်ချင်တဲ့ အသံတွေလည်း ထည့်လို့ရပါတယ် ..





Actions မှာပါတဲ့ Tool Tip: ရဲ့ Text Box မှာ စာသားတစ်ခုခုရေးထားမယ်ဆိုရင် အဲ့ဒီ ပုံကို ထောက်လိုက်တာနဲ့ အဲ့ဒီ စာသားကပေါ်လာမှာဖြစ်ပါတယ် .



ဘယ်ဘက်မှာရှိတဲ့ Image Box အပြင် ကျန်တဲ့ Text Box , Label Box ... စတာတွေကိုလည်း Image Box မှာရှင်းပြထားသလိုပဲ Application Form ပေါ်မှာ ထည့်သွင်းအသုံးပြုလို့ရပါတယ် .. ဆက်ကလိကြည့်လိုက်ပါ :P
မိမိ ဖန်တီးထားတဲ့ Application ကို စမ်းဖွင့်ချင်တယ်ဆိုရင် File --> Test ( Ctrl + T ) ကိုနှိပ်ပြီး အစမ်း run ကြည့်နိုင်ပါတယ် ..
အောက်က ပုံမှာ မြှားထိုးထားတဲ့ icon ကို နှိပ်ပြီးလည်း အစမ်း run ကြည့်လို့ရပါတယ် ..






နောက်တစ်ခုကတော့ Gallery Box အသုံးပြုပုံလေး နည်းနည်း ဆက်ရှင်းပြပေးပါ့မယ် ..
Gallery Box ပုံစံကတော့ အောက်က ပုံစံပါ ..





တကယ်လို့ Gallery Box မရှိရင် View ---> Gallery ကိုနှိပ်ပြီး Gallery Box ပေါ်လာအောင်လုပ်လို့ရပါတယ် ..
Gallery Box မှာပါတဲ့ Function တွေနဲ့ Application Form ရဲ့ Button , Image , Background ပုံ , Music , Sound , Cursor , Icon စတာတွေထည့်သွင်းအသုံးပြုနိုင်ပါတယ် ..

ဥပမာ --> Button ထည့်မယ်ဆိုရင် Gallery Box မှာရှိတဲ့ နှစ်သက်ရာ Button ကို မိမိ Application Form ပေါ်သို့ drag ဆွဲထည့်လိုက်ရုံပါပဲ ...
drag ဆွဲထည့်ပြီးရင် အဲ့ဒီ Button ကို select ပေးပြီး ညာဘက်မှာ ရှိတဲ့ Properties မှာ Button ရဲ့ အရောင် ၊ Button အမည် ၊ Button background ပုံ စတာတွေကို ထပ်ဆင့်ပြုပြင်လို့ပါတယ် ..
အဲ့ဒီ Button ကိုနှိပ်လိုက်ရင် ဖြစ်စေချင်တဲ့ ပုံစံကို Actions မှာသွားရောက် သတ်မှတ်ပေးလို့ရပါတယ် ..
ဥပမာ အဲ့ဒီ Button ကိုနှိပ်လိုက်တာနဲ့ calculator ထွက်လာစေချင်တယ်ဆိုကြပါစို့ :-P
အရင်ဆုံး Button ကို Select ပေးပြီး Actions Tab ကို သွားပါ ..
Action Type: မှာ Run Program ကိုရွေးပါ ..
ပြီးရင် Program: ဆိုတဲ့နေရာမှာ calculator ရဲ့ target ကိုရွေးပေးလိုက်ပါ ( %WinDir%\system32\calc.exe ဆိုပြီး ဒါရိုက် ရေးထည့်ပေးလိုက်ရင်လည်းရပါတယ် )
ဒါဆိုရင် အဲ့ဒီ Button ကို နှိပ်လိုက်တာနဲ့ calculator လေးထွက်လာပါလိမ့်မယ် ..
Actions Tab ထဲမှာရှိတဲ့ အခြားအရာတွေကိုလည်း အဲ့ဒီ နည်းအတိုင်း လျောက်ကလိကြည့်လိုက်ပါ .. အသုံးပြုနည်း သိသွားပါလိမ့်မယ်



နောက်တစ်ခုက မိမိ Application ရဲ့ Icon ပုံပြောင်းတဲ့နည်းပါ ..
ဒါကလည်း Gallery Box ထဲမှာရှိပါတယ် ..
Gallery Box မှာ အောက်က ပုံအတိုင်း Icon ဆိုတာကိုနှိပ်လိုက်ပါ ..





ပေါ်လာတဲ့ Icon Box ရဲ့ လွတ်တဲ့နေရာမှာ Right Click ပြီး Add .. မှတစ်ဆင့် မိမိ ထည့်ချင်တဲ့ Icon ကို ထည့်လိုက်ပါ ...





မိမိထည့်ချင်တဲ့ Icon ပုံဟာ Gallery Box ရောက်လာရင် အဲ့ဒီ Icon ပုံကို Double Click လိုက်တာနဲ့ မိမိ Application ရဲ့ icon ပုံက ပြောင်းသွားပါလိမ့်မယ် ..


မိမိ Application ရဲ့ Version တို့ Copyright တို့ ဘာတို့ ညာတို့ထည့်ချင်သေးတယ်ဆိုရင် Edit --> Project Options .. ( Ctrl+P) ကိုဖွင့်ပြီး Version Tab ကိုသွားပါ ..
Use Customized Version Information ဆိုတာကို အမှန်ခြစ်ပေးပြီး လျောက်ဖြည့်ပေးလိုက်ရင်ရပါပြီ :P

နောက်ဆုံး မိမိ Application ( exe File ) ကိုထုတ်တော့မယ်ဆိုရင် File --> Save လုပ်လိုက်ရုံပါပဲ ..
ဒါဆိုရင် New Project ကို Create လုပ်တုန်းက target ပေးထားတဲ့ နေရာမှာ အဲ့ဒီ exe File က save သွားပါလိမ့်မယ် ..
အခြား ကျန်တဲ့ Function တော်တော်များများ ကျန်ပါသေးတယ် ..
စိတ်ဝင်စားတယ်ဆိုရင်တော့ လျောက်ကလိကြည့်လိုက်ပါ :P
လောလောဆယ်တော့ လက်ညောင်းသွားဘီ
အဆင်ပြေပါစေဗျာ .. ;-)






PS --->

အပေါ်က အသုံးပြုနည်း အကြမ်းဖျဉ်း မှာ အရေးကြီးတဲ့ တစ်ခု ရှင်းပြဖို့ကျန်သွားတယ် .. :-P
ဒီ Software နဲ့ ကိုယ်ပိုင် Application ပြုလုပ်ပြီးသွားလို့ Save လိုက်ရင် File နှစ်ဖိုင်ရပါတယ် ..
.apm နဲ့ .exe ဆိုတဲ့ နှစ်ဖိုင်ရပါတယ် ..
အဲ့ဒီ .exe Application ဖိုင်ဟာ .apm ဆိုတဲ့ဖိုင်မရှိရင် ဖွင့်လို့မရပါဘူး .. ဖွင့်လိုက်ရင် အောက်ပါပုံအတိုင်း ဗလာကြီးပေါ်နေပါလိမ့်မယ် ..






အဲ့ဒီတော့ ... မိမိ ဖန်တီးထားတဲ့ Application ကို အခြား ကွန်ပျူတာမှာ စမ်းဖွင့်ချင်တယ်ဆိုရင် .apm ပါ ပါမှ Application ဖိုင်က အလုပ်လုပ်မှာ ဖြစ်ပါတယ် ...
တကယ်လို့ .apm ဖိုင် မပါပဲ .exe ဖိုင် တစ်ခုတည်းနဲ့ အလုပ်လုပ်စေချင်တယ်ဆိုရင်တော့ AutoPlay Menu Builder Program ရဲ့ View --> Options.. ကိုသွားပါ ..






ပေါ်လာတဲ့ Oprions Box မှာ Create Stand-alone Excutable Files ဆိုတာကို အမှန်ခြစ်ပေးပြီး OK ပေးလိုက်ပါ ..





ပြီးရင် မိမိ ဖန်တီးထားတဲ့ Application ကို ပြန် Save လိုက်ပါ ..
ဒါဆိုရင် .apm ဖိုင်မပါပဲ .exe ဖိုင်တစ်ခုတည်းနဲ့ ဖွင့်လို့ရပါပြီဗျာ ..
အဆင်ပြေပါစေ ..

2 comments:

မသက်ဇင် said...

လောလောဆယ်တော့ လက်ညောင်းသွားဘီ
အဆင်ပြေပါစေဗျာ .. ;-)

သနားလိုက်တာ
လာဖတ်ပါတယ်
ကျေးဇူးပါ
ပျော်ရွှင်ပါစေ

mhp said...

a ku lo say ta nar ne tin htar pay dar kyay zuu par
calendar ka myanmar ne way nay de thu a twet a thone win par de

mhp

Post a Comment

Designed by : Ogre