Ogre: Video to GIF Converter- PortableV_ 3.0

Video to GIF Converter- PortableV_ 3.0




     Video ကနေ Gif ပုံပြောင်းတဲ့ Portable Software လေးပါ ..
အသုံးပြုပုံကတော့ gif ပုံအဖြစ်ပြောင်းချင်တဲ့ video ဖိုင်ကို Open ကနေသွားဖွင့်လိုက်ပါ ..
Set Begin ၊ Set End စတဲ့ tab bar ရဲ့ အောက်နားက အပြာတန်းလေးမှာရှိတဲ့ မြှားလေးနဲ့ မိမိ စပြီး gif ဖိုင်အဖြစ်ပြောင်း ချင်တဲ့ နေရာကို ရွေးချယ်ပြီး Set Begin ကိုနှိပ်လိုက်ပါ .. အဲ့ဒီလိုပဲ မိမိအဆုံးသတ်မယ့် နေရာကိုရွေးချယ်ပြီး Set End ကို နှိပ်လိုက်ပါ .. Gif ဖိုင်အဖြင့် ပြောင်းလဲချင်တဲ့ အစိတ်အပိုင်းကို ရွေးချယ်ပိုင်းဖြတ်ပြီးပြီဆိုရင် GIF settings မှာ မိမိလိုချင်တဲ့ GIF ပုံစံကို ပြုပြင်ပြောင်းလဲပြီး Convert ကိုနှိပ်ပြီး Save လိုက်တာနဲ့ လှုပ်ရှားနေတဲ့ GIF ပုံတစ်ပုံကိုရရှိပါပြီဗျာ .. .. ;)
Effects တို့ Capture တို့ စတဲ့ function တွေလည်း ပါပါသေးတယ် ... ဆက်လက်ကလိရင်း ပျော်ရွှင်ပါစေဗျာ ..

အဲ … ;) တစ်ခုကျန်သွားတယ် :D
ဒီ program က အသုံးပြုရတာတော့ သိပ်အဆင်မပြေပါဘူး .. ..
ဒီ program ကို နှစ်ခါလောက်အသုံးပြုပြီးရင် ပြန်ပိတ်လို့မရတော့ပါဘူး ..
ပိတ်လိုက်ရင် ပြန်ပြန်ပွင့်လာပါတယ် .. ပိတ်လို့ရအောင်တော့လုပ်လို့ရတယ် .. (နည်းလမ်း ကျမကျတော့မသိဘူး :D)
ဒီ program ကို ဖွင့်လိုက်တာနဲ့ Video to GIF Converter 3.0.exe ဖိုင်ရှိတဲ့ ဖိုဒါမှာ နောက်ထပ် Video to GIF Converter 3.0 ဆိုတဲ့ Folder လေးတစ်ခုအော်တို တည်ဆောက်ပေးပါတယ် .. တစ်ခါအသုံးပြုပြီးလို့ program ကိုပိတ်ပြီးရင် နောက်တစ်ခါပြန်သုံးခါနီးမှာ အဲ့ဒီ Video to GIF Converter 3.0 ဆိုတဲ့ ဖိုဒါလေးကို delete ပြီးမှ program ကိုပြန်ဖွင့်ပါ .. ဒါဆိုရင် ပြန်ပိတ်လို့ရပါပြီ ..
နောက်တစ်ခါအသုံးပြုခါနီးမှာလည်း အဲ့လိုပဲ delete လုပ်လုပ်ပေးသွားပါ .. တကယ်လို့ delete မလုပ်ပဲအသုံးပြုမိရင်တော့ Task Manager-->Processes --> Video to GIF Converter 3.0.exe ကို End Process ပေးမှ ပိတ်သွားမှာဖြစ်ပါတယ် ..

-------->









Size : 6.64 MB

Download:
http://ifile.it/isvkd5g

1 comments:

မသက်ဇင် said...

လာလည်ဖတ်ရှုသွားပါတယ်---
နောက်လာလည်ဖို့အတွက် လင့်ယူထားပါတယ်--
အစစအရာရာ အဆင်ပြေပါစေ----

Post a Comment

Designed by : Ogre