Eng သီချင်းနားထောင်တဲ့အခါ် ကိုယ်နားထောင်နေတဲ့သီချင်းရဲ့ စာသားတွေကို ရှာဖွေပေးပြီး အဲ့ဒီစာသားကို Destop ပေါ်မှာပေါ်နေအောင် လုပ်ဆောင်ပေးတဲ့ Software လေးပါ ..
အဲ့ဒီ Software အလုပ်လုပ်တဲ့ Player တွေကတော့ အောက်က ပုံမှာ ပြထားတဲ့အတိုင်းပါပဲဗျာ ..
ဒီ Software ကို install လုပ်ပြီးသွားရင် အပေါ်က ပုံမှာပြထားတဲ့ Player တွေနဲ့ Eng သီချင်းတွေကို ဖွင့်လိုက်ရင် သီချင်းနဲ့အတူ ဒီ Program ပါ ပွင့်လာပြီး သီချင်းစာသားတွေကို အော်တိုရှာဖွေပေးပြီး Destop ပေါ်မှာ ပြသပေးပါတယ် .. တကယ်လို့ Destop ပေါ်မှာ စာသားတွေပေါ်မနေဘူးဆိုရင် Tray မှာပေါ်နေတဲ့ LRC ဆိုတဲ့ Icon လေးကို Right Click ပြီးFloating Lyrics ဆိုတာကို select ပေးလိုက်ပါ .. ဒါဆိုရင် Destop ပေါ်မှာ ဖွင့်ထားတဲ့သီချင်းအတိုင်း စာသားလေးတွေလိုက်ပေါ်နေပေးပါတယ် ..
player ကထွက်နေတဲ့ သီချင်းနဲ့ Destop ပေါ်မှာပြသပေးနေတဲ့ စာသားတွေ တထပ်တည်းမကျဘူးဆိုရင် .. Tray ထဲက LRC Icon ကို Right Click ပြီး Download Lyrics ဆိုတာကို နှိပ်ပြီး Online Search ဆိုတာကို နှိပ်လိုက်တာနဲ့ မိမိ ဖွင့်ထားတဲ့ သီချင်းခေါင်းစဉ်နဲ့ပတ်သက်တဲ့ စာသားတွေကို ရှာဖွေပေးပြီး ရှာလို့တွေ့တဲ့ သီချင်းစာသားတွေကို အောက်က ပုံအတိုင်းပြသပေးပါတယ် ..
ပြသပေးတဲ့ သီချင်း Lyrics တွေထဲမှ မိမိဖွင့်ထားတဲ့ သီချင်းခေါင်းစဉ်နဲ့ အဆိုတော် မှန်တဲ့ Lyric ကို Double Click လိုက်ပါ ... ကိုယ်ရွေးချယ်တာသာ မှန်သွားရင် Player ကထွက်နေတဲ့ သီချင်းနဲ့ Destop ပေါ်မှာပေါ်နေတဲ့ စာသားတွေ တစ်ထပ်တည်း ကျနေပါလိမ့်မယ် ...
အဲ့ဒီ သီချင်းစာသားကို မိမိကွန်ပျူတာထဲသို့ Save ထားချင်တယ်ဆိုရင်တော့ ထုံးစံအတိုင်း Tray ထဲက LRC Icon ကို Right Click ကာ Lyric --> Save Lyrics As.. ကို နှိပ်ပြီး txt ဖိုင်နဲ့ save လိုက်ပါ .. ဒါဆိုရင် အိုကေပါပြီ .. ;)
ကျန်တာတွေ တော်တော်များများကျန်သေးတယ်ဗျ .. .. Software တစ်ခုရဲ့ အသုံးပြုပုံကို အခုလို လိုက်ရှင်းပြနေတာထက် မိမိကိုယ်တိုင် လိုက်ကလိတာက ပိုကောင်းတယ်လို့ထင်ပါတယ် .. ကျွန်တော်လည်း စာဖတ်သူနားလည်အောင် ရှင်းပြနိုင်တဲ့ စကားလုံးတွေကို(စာရေးဆရာမဟုတ်တဲ့အတွက် ) မရွေးချယ်တတ်ပါဘူး .. :#
ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က Free အသုံးပြုလို့ရတဲ့ Software ကောင်းလေးတွေကို ရှာဖွေပေးပြီး အလကားရတဲ့ Download ချလို့ ကောင်းတဲ့ hosting site တစ်ခုခုမှာ ပြန်လည်မျှဝေပေးဖို့ပါပဲ .. .. :-)
အဲ့ .. တစ်ခုကျန်သွားတယ် ... :D
JetAudio Player နဲ့ အသုံးပြုမယ်ဆိုရင်တော့ သီချင်းစာသားရှာတဲ့ Program ကို သီးသန့် ပြန်ဖွင့်ပေးရပါတယ် .. ဘယ်လိုဖွင့်ပေးရသလဲဆိုရင်တော့ အရင်ဦးဆုံး နားထောင်မယ့် Eng သီချင်းကို JetAudio Player နဲ့အရင်ဖွင့်လိုက်ပါ .. ပြီးရင် Start --> All Programs --> MiniLyrics --> MiniLyrics For JetAudio ဆိုတာကိုဖွင့်ပေးလိုက်မှ သီချင်းစာသားရှာပြီး Destop ပေါ်မှာပြပေးမယ့် LRC ဆိုတဲ့ program လေးပွင့်လာမှာဖြစ်ပါတယ် ..
Destop ပေါ်မှာ အဲ့ဒီစာသားတွေပေါ်မနေဘူးဆိုရင်တော့ အပေါ်မှာ ကျွန်တော်ပြောပြတဲ့အတိုင်း လုပ်ကြည့်လိုက်ပါ ...
အားလုံးပဲ အဆင်ပြေပြေ ကလိနိုင်ကြပါစေဗျာ .. ;)
Size : 1.69 MB
Download:http://ifile.it/0flk19s


1 comments:
ကို Orgre ကျွန်တော် ဒီဟာလေး ကို အရမ်းကြိုက်သွားပီဗျာ။ ကျေးဇူးအများကြီးတင်ပါတယ်။ ခုလို software ကောင်းတွေကိုမျှဝေပေးတဲ့ အတွက် စာမေးပွဲ မှာ ၅ မှတ်ရပါစေဗျာ။ ရုရှားသီချင်းတွေကို lyric နဲ့ နားထောင်ချင်တယ်ဗျာ။ ဘယ်လို လုပ်ရမလဲ ။
Post a Comment